Wednesday, December 2, 2009

အချစ်ဆိုသည်မှာ

အချစ် (၁)

"ကြယ်တွေ ကြွေလိုက်တာနော်.."
ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ကြည့်နေရင်း ပြောသည်။
"အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့"
ဒူးကလေးပိုက်ကာ ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။
"နင်က ဘာဆုတောင်းမှာလဲ"
ကောင်လေးကမေးလိုက်သည်။
"ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်"
"အင်း ဒါပဲလား"
"ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ အများကြီး
ဆက်သင်ချင်တယ်"
"ဒါပဲလား"
"ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး ငါက
ကျေးဇူးဆပ်ချင်တယ်"
"ဒါပဲလား"
"ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်"
"ဒါပဲလား"
"မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး ချောချင်လှချင်သေးတယ်။
နတ်ရေကန်ထဲ ကျတယ် ဆိုတာမျိုးပေါ့"
"နင့်ဆုတောင်းတွေကလည်း များလိုက်တာနော်"
"အင်း.. ဟုတ်တယ်။ ဒါနဲ့ နင်ကရော ဘာဆုတောင်းမှာလဲ'
"ငါလား"
ကောင်လေးက တီးတိုးပြောလေသည်။
"နင်ဆုတောင်းတိုင်း ပြည့်စေဖို့ ကြွေပေးမယ့် ကြယ်ကလေးတပွင့် ထပ်ခါထပ်ခါ
ပြန်ဖြစ်ပါစေပေါ့"


အချစ် (၂)

"ကျွန်တော် ကျွန်တော် … မပေးနိုင်တော့ဘူး ဥက္ကဌရေ.."
ကလေးအဖေ သည် သမီးကလေးကို ခပ်တင်းတင်း ပွေ့ဖက်ထားလိုက်သည်။ အနားတွင်
ဗုံစီသလို စီနေသော ကြီးစဉ်ငယ်လိုက် ဘုစုခရု ကလေးများသည် သူတို့
အဖေကိုတလှည့် ဧည့်စိမ်းများကို တလှည့် မျက်နှာငယ်ဖြင့် ကြည့်နေလေသည်။
"ဒီလိုလဲ မလုပ်နဲ့လေ။ ကလေးတွေ ရှေ့ရေး ကြည့်ဦးမှပေါ့။"
"ဟုတ်တယ်။ သူတို့အမေက နောက်ဆုံးကလေးကို မမွေးနိုင်လို့ မီးတွင်းထဲမှာ
ဆုံးသွားပြီးတဲ့နောက်ပိုင်း ဒီကလေး တပြုံကြီးကို ခင်ဗျား ဘယ်လိုမှ
မကြည့်နိုင်တော့တဲ့အပြင် လုံလုံလောက်လောက်လည်း မထောက်ပံ့နိုင်ဘူးလေ။
သမီးလေးကိုတော့ အခုလို မွေးစားချင်တဲ့လူ ပေါ်လာတုန်း ပေးလိုက်တာ
ကောင်းပါတယ်။"
"ဟုတ်ပါတယ်။ ကျွန်မတို့ကလည်း အိမ်မှာ မိန်းကလေး မရှိလို့ အဖော်ရချင်တာ
ဆိုပေမယ့် ကလေးကို သူစာလိုက်နိုင်သလောက် ကျောင်းလည်း ထားပေးဦးမှာပါ။"
"ကျွန်တော် ကလေးတွေနဲ့ မခွဲနိုင်ဘူး။ သူတို့မောင်နှမချင်း ခွဲရမှာလည်း
မကြည့်ရက်ဘူးဗျာ။"
ကလေးအဖေသည် ပြောရင်း အသံတိမ်ဝင်သွားသည်။
"ဟုတ်တယ် ဟုတ်တယ် ညီလေး ညီမလေးတွေနဲ့မခွဲချင်ဘူး။ သား ကျောင်း
ဆက်မတက်တော့ဘူး။ ဆိုက်ကားနင်းမယ်လေ။"
ဆယ်နှစ်သားခန့်ရှိသော အကြီးကောင်လေးက ၀င်ပြောလိုက်သည်။
ကလေးအဖေက မျက်နှာကို အုပ်ကာ တသိမ့်သိမ့် ရှိုက်လိုက်သည်။ ဘာမှန်းညာမှန်း
ရေရေလည်လည် မသိသော်လည်း သူ့အဖေနှင့် အကိုတို့၏ မျက်နှာရိပ်ကို ကြည့်ကာ
အော်ငိုလိုက်သော ကလေးတသိုက်၏ အသံများ တဲကလေးထဲ ပျံ့လွင့်သွားသည်။
သမီးလေးကို မွေးစားမည့် အမျိုးသမီးကြီးသည် မျက်ရည်များ ၀ဲလာလေသည်။
ရပ်ကွက်လူကြီးသည် မြင်ကွင်းမှ မျက်နှာကို လွှဲရင်း ခေါင်းယမ်းကာ
သက်ပြင်းကိုသာ အသာမှုတ်ထုတ်လိုက်တော့သည်။



အချစ် (၃)

"အဘိုးကြီးနှယ် လုပ်ချလိုက်ပြန်ပြီကွယ်"
အဘွားကြီးသည် အိပ်ရာပေါ်မှ အနံ့ထောင်းထောင်းထနေသော ရေကွက်ကွက်ကို
စိတ်မသက်မသာဖြင့် ကြည့်လိုက်လေသည်။
"တနေ့တနေ့ သူ့အတွက် လျှော်ရဖွတ်ရ။ ကိုယ်ကလည်း သိပ်နေကောင်းလှတာ မဟုတ်။
အခုလည်း ဘယ်ရောက်သွားပြန်လဲ မသိ။"
တဖြစ်တောက်တောက် ပြောနေစဉ် အိမ်ရှေ့မှ ကလေးတစ်ယောက် အော်သွားသံ ကို ကြားလိုက်ရသည်။
"ဘွားလေးရေ အဘိုး သစ်ပင်တက်နေတယ်ဗျို့"
"ဟင်.. ဘုရား ဘုရား"
ကပျာကယာ ထွက်ကြည့်လိုက်တော့ ခြံထဲတွင် အဘိုးကြီးသည် လက်ကလေး နောက်ပစ်ကာ
မသိသလို ရပ်နေလေသည်။
"ရှင်.. ရှင်.. သစ်ပင်ပေါ် တက်တယ်ဆို"
အဘိုးကြီးက မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် ခေါင်းညိတ်ပြလိုက်ပါသည်။
"အဲဒါတွေ စိတ်ညစ်ရတာပေါ့ အဖေကြီးရေ။ ရှင့်ကိုရှင် ကာလသားလေး မှတ်နေလား။
လေဖြတ်ထားလို့ မသန်မမာ ဖြစ်နေတယ်ဆိုတာလည်း မမေ့နဲ့ဦး။ သစ်ပင်ပေါ်
ဘာသွားလုပ်ရတာလဲ။ သားသမီးတွေက တယောက်မှ အနားမှာ မရှိဘူး။ ကျွန်မလည်း
ရှင့်ကို မျက်စိဒေါက်ထောက် ကြည့်မနေနိုင်ဘူး။"
အဘွားကြီးသည် ပြောရင်း ဒေါသသံပါလာသည်။
အဘိုးကြီးထံမှ စကားသံ မပီမသ ထွက်လာသည်။
"မင်းအတွက်ပါ"
"ဘာလဲ ကျွန်မအတွက်"
အဘိုးကြီးသည် နောက်ပစ်ထားသော လက်ကို ရှေ့သို့ ထုတ်လိုက်သည်။
ကံ့ကော်ပန်းကလေး သုံးလေးခက် ဖြစ်လေသည်။



အချစ် (၄)

လရောင်သည် တောအုပ်ထဲမှ သစ်ပင်ထူထူများနှင့် မြက်ခင်းများပေါ်သို့
ငွေရောင်အလွှာပါး တစ်ထပ်ကို ပြိုးပြက်လွှမ်းခြုံ နေစေ၏။ မြင်းခွာသံသဲ့သဲ့
သည် ဝေးရာမှ နီးလာပြီ။ ချပ်မိန်ညို ၀တ်ဆင်ထားသော သဏ္ဍာန်တစ်ခု
မြင်ကွင်းသို့ ပေါ်လာသည်။ နေ့မှန်းညမှန်း မသိလောက်အောင် စစ်ပန်းလာခဲ့သော
သူရဲကောင်းသည် တောအုပ်ထဲမှ ရေကန်ကလေးကို လှမ်းမြင်လိုက်လေသည်။ လမင်းသည်
ပြာပြာမှောင်နေသော ကန်ရေပြင်ထဲတွင် လှုပ်ရုံလေး လှုပ်နေ၏။ သူရဲကောင်းသည်
ကန်ရေအေးအေးဖြင့် ခြေလက်မျက်နှာတို့ကို သုံးသပ်ဆေးကြောရင်း
အမောဖြေလိုက်သည်။
ထိုအခိုက်…..
ကန်စပ်နံဘေးတွင် တချိန်လုံး ငိုက်မျဉ်းနေခဲ့သော တောပန်းကလေး တစ်ပွင့်၏
ပွင့်ဖတ်များ ဖြတ်ခနဲ အာသွားလေသည်။
ဝန်းကျင်တ၀ိုက် ရုတ်ချည်း သင်းပျံ့လာသော ပန်းရနံ့ကြောင့် သူရဲကောင်းသည်
ဟိုဟိုဒီဒီ စူးစမ်းလိုက်သည်။ ပန်းကလေး တစ်ပွင့် ပါလား..။
လရောင်အောက်ဝယ် ဖြူသလို ၀ါသလို ပြာသလို နှင့် အရောင်လျှပ်ပြေးနေသော
တောပန်းကလေးသည် သူရဲကောင်းကို ခပ်ငေးငေး ကြည့်နေသယောင်။ သူရဲကောင်းသည်
ပန်းကလေးရှိရာသို့ အလိုအလျောက် လက်လှမ်းလိုက်မိလေသည်။ တစ်စက္ကန့်
နှစ်စက္ကန့် သုံးစက္ကန့်….။ သူရဲကောင်းသည် သက်ပြင်းတစ်ချက်ကို
သာသာချလိုက်သည်။
မကြာမီ မြင်းခွာသံများ ပြန်လည် ပေါ်ထွက်လာသည်။ ပြီးတော့ မှိန်ဖျော့
ပျောက်ကွယ်သွားခဲ့ပြီ။
လှုပ်ခတ်သွားခဲ့သော ကန်ရေပြင်ဘေးမှ ပန်းကလေးသည် လရောင်အောက်ဝယ် ထီးထီးကျန်ခဲ့လေသည်။

ကြက်ဖလောက်တော့သနားတာပေါ့

အိပ်ရာကထ ကွန်ပြူတာဖွင်.တာနဲ. ...
မိုးမလင်းသေးဘူးတွေ.လိုက် ရတာ Blogger ပဲ ...
နောက်တယောက် ကြည်.မိလည်း Blogger ပဲ..
ဒီတိုင်းဆို ကြာရင်မလွယ်ဘူး ပြဿနာပဲ ။
.
ဒီ Post ကြီး ပဲ ရိုးလာပြီ ဆို နောက် Posts တခုကို ချိန်း ။
ဒီ Blog ဖတ်လို.ကုန်ပြီဆို နောက် Blog တခု ကို လှိမ်. ။
Blog တိုင်း C-Box မှာ ဖတ်ပြီးတော. လိုက်အော် မမောသေးပါပော. ။
မြောက်တက်နေ စာသားတွေကြောင်. ကျောအေးကာစိမ်.။
..
ပိာု Blog မှာ Post အသစ် ရှိတယ် ။ အေး မမေ.ပါဘူးသိတယ် ။
ဒီလင်စ်. Posts အသစ် တင်တယ် ။ အမြဲ ငါပြေး ကြည်.တယ် ။
Post အသစ်တင်တိုင်း G-talk မှာ ပြောတယ် ။
ဒီနေ.မှာ Post အသစ်တင်လည်း ဒီနေ.ငါ ပြေးလို.ကြည်.တယ် ။
...
ဘယ်သူရေးနေလည်း
ဘယ်သူဖော လည်း
ဘယ် Blog က ရေးတာလန်းပြီး
ဘယ် Blog က ရေးတာဂွမ်းတယ် ။
ဘယ်သူတွေ ဘယ်သူတွေ ဘာတွေပြောပြီး
ဘယ်သူတွေ ဘယ်သူတွေ ဘာတွေဖော လည်း
ဘယ်သူက ဘယ်သူ.ကို ဘယ်တွေရေးပြီး
ဘယ်သူက ဘယ်သူ.ကို ဘယ်လိုကြောလည်း
.
ပရိတ်သတ် ရဲ.ဦးနှောက်ကို အဆိပ်ခတ်မဲ.ရုပ်လား
မင်းသာ Blog တခုကို ပန်းပြပြီး ဂျီတော.နဲ.လုပ်စား
ပေါက်ကရ က Blog တခုကို စိတ်ဓာတ်နဲ.ထုတ်တာ ။
အတုတွေ အစစ်တွေ ခွဲတာ
ဦးနှောက်ရှိ.သူတွေ ရဲ. အလုပ် ။
ပေါ်ပင်တွေ ရေးပြီး ပိာတ်ဘာကွ နဲ. ပိာတ်ညာကွ နဲ.
ပော.အဲ.ကောင်တွေရင် လာမဖောနဲ.ပော.
မင်းကတော.ငါ အတွက်တော.ပာာသပဲ ပော. ။
လာမဆွနဲ.ပော. Keyboard ကိုင် ...
ဘာရ မလည်း .. ငါက လည်း ။။
....
အွန်လိုင်းတက်ရင် ဘလော.ရေးတဲ. - ပေါက်
လက်ကညောင်းမှ အောက်ခဏချတဲ. - Mouse ...
.
ဘောတာတွေ ဆုံလာပြီဆို - Blog ရေးမယ် ... ။
ပေါက်ကရတွေဆုံလာပြီဆို - Blog ရေးမယ် ... ။
အာရုံတွေ နောက်နေကော - Blog ရေးမယ် ... ။
အာခေါင်တွေ ခြောက်ရင်ကော - Blog ရေးမယ် ... ။
..
Blog ရေးရင်းအိပ် အိမ်မက်ကလန်.နှိးပြီ
ညက ဖိအိပ်မိလို. Keyboard လေးလည်းကျိုးပြီ ။
ကွန်ပြူတာကို ပိတ်ပြီး Keyboard ကိုဖြုတ်သည်
နာရီကိုလှည်.Show မိတော. ၉နာရီတောင်ထိုးပြီ ။
ဒီချိန်ဆို ဒီလိုပဲ ရုံးကိုအမှီသွားရအုန်းမည် ။
အိမ်တံခါးကို ဖွင်.ပြီး လမ်းမပေါ်ကိုခိုးကြည်.
လဘ်ရည်ဆိုင်မှာ အသိတွေ.လို. လျှော်တဲ.အကွက်က ရိုးပြီ ။
ကောင်မလေးနဲ.ချိန်းထားသေးလို.
အင်တာနက်ကဖေးကို GO ပြီ ။
Blogger တွေ အချိုးသိလို. ကောင်မလေးတွေ Gtalk မှာ Add သည်။
ကောင်မလေးတွေလည်းမိလို. အိုး ပြန်ရမလား ပွားပြီ ။
ကောင်းခန်းရောက်ရင် ဗီလိန်ဝင် ကွန်နက်ရှင်ဆိုးပြီ ။
ဘလော.ကောင်းတိုင်း မနာလို ရန်ဆောင်လို. Ban ပြီ ။
မင်း Ban ချင်သလို Ban ပြီးရင် ကျော်မယ် ၊ ခွမယ်ဗျိုး ။
ရုတ်တရက် ကြည်.လိုက်ရင် မသိရင်Ban တော.မလို ..
ဒိန်းကနည်း ကျော်လိုက်တော. အားလုံးပွင်.လို.ဗျိုး ။
ကျော်ရခွလိုက်တော. ကွန်နက်ရှင်က ကျသတက်ကျလို.အိုး ။
ဇီဝ မရှိရင်နေ အင်အားတော.ရှိတယ် ။
အဖေနဲ.အမေက တားလို. ဗီဇလျှော.ကြည်.တယ် ။
အမှန်တရားဆိုတာကို လျှောက်ကြည်.ရင်း ရီရတာညိုတွယ် ။
Blogger ရူးပျောက်တဲ.ဆေး ဇီဝကတော.သိမယ် ။
.
အွန်လိုင်းတက်ရင် ဘလော.ရေးတဲ. - ပေါက်
လက်ကညောင်းမှ အောက်ခဏချတဲ. - Mouse ...
ကြိုက်လည်းရေး မကြိုက်လည်း ရေး ပေါက်ကရပဲ ။
.
ဘောတာတွေ ဆုံလာပြီဆို - Blog ရေးမယ် ... ။
ပျော်စရာတွေဆုံလာပြီဆို - Blog ရေးမယ် ... ။
အာရုံတွေ နောက်နေကော - Blog ရေးမယ် ... ။
အာခေါင်တွေ ခြောက်ရင်ကော - Blog ရေးမယ် ... ။
....
စာရေးဆရာတော.မပာုတ်ဘူး... ဘလော.ရေးနေတာ ..
ဘယ်သူတွေ ဘာတွေညာတွေ ပြောလည်း Foul လုပ်မနေပါ ။
နှာခေါင်းရုပ်စရာ သတင်း ။ အမှန်တွေရေးတော. တင်း ။
Blog ပုဒ်စာသားတွေရဲ. အပေါင်းအနှတ်တွေ လာရှင်း
ဘာ အကြောင်းဖတ်ပြီးဘီလည်း မင်းအသစ်ထွက်တာ
ဒီလိုကျွယ်လာရင်
ကိုယ်ဖက်က ကျွယ်ဖို.လည်း မလစ်လပ်ပါ ။
အချို.တွေလို Blog မှာသေချာမဖတ်ပဲ C-Box မှာမအော်တက်ပါ ။
Blog တွေကို အမှတ်စဉ်နဲ.ထုပ်ပြီး အဆင်.တက်မလာ ။
အာာာာ...ကွာာာာ.... မဖြစ်သေးပါဘူး....
ရုံးမတက်ပဲနဲ. ဘလော.ရေးဖို.လည်း မဖြစ်သေးပါဘူး ။။။
ဘလော.မရေးပဲ ရုံးတက်ဖို.လည်း မဖြစ်သေးပါဘူး ။။
မိန်းမယူပြီး ဘလော.ရေးဖို.လည်း ရင်လေးစွာရူး ......
BLOG ရူးတာမပာုတ်ဘူး ၊ BLOG ရေးနေတာ
မကြိုက်ပဲငါ မရေးဘူး ၊ ကြိုက်လို.ရေးနေတာ
ရှေ.ကသွားဖို. မရေရာ.. နောက်ကလိုက်ဖို.လည်း မသေချာ
BLOG ကို ကြိုက်လို.ရေးနေတာ .. ပြီးတော. အမှန်တွေ ရေးနေမှာ ။
...
လက်မလွှတ်ချင် ညောင်းမှ အောက်ခဏ ချတဲ. - Mouse ...
Connection မကောင်းလည်း ထထရေးနေတာ - Blog..

ဘော်တာတွေဆုံလာပြီဆို - G ------ talk မယ် ....
ပျော်စရာတွေဆုံလာပြီဆို ..... - Blog ရေးမယ် ...
ပေါက်ကရတွေ ကြုံလာပြီဆို ..... - Blog ရေးမယ် ...
အာရုံတွေ နောက်နေကော - Blog ရေးမယ် ... ။
အာခေါင်တွေ ခြောက်ရင်ကော - Blog ရေးမယ် ... ။

ကြက်သွန်နီကို အသုံးပြုပြီး အချစ်စစ် အချစ်မှန်ကို ရှာဖွေပါ

ကမ္ဘာပေါ်မှာ လူမျိုးဘာသာဓလေ့တွေများစွာ ကွဲပြားသလိုပဲ ဗေဒင်ဟောတဲ့
နည်းစနစ်တွေကလည်း ဓလေ့ထုံးတမ်းအလိုက် အမျိုးမျိုးအဖုံဖုံရှိနေပါတယ်။ အဲဒီအထဲမှာ
ထူးခြားဆန်းပြားပြီးလွယ်လည်းလွ
ယ်ကူ အသုံးလည်းအသုံးပြုတဲ့ ဗေဒင်နည်းတွေရှိပါတယ်။
နမူနာအားဖြင့် ဂျာမန်လူမျိုးတွေသုံးတဲ့ ဗေဒင်ဟောနည်းကို တင်ပြချင်ပါတယ်။

တိတိကျကျဆိုရရင် ဂျာမန်အမျိုးသမီးငယ်တွေ၊ အိမ်ထောင်မကျသေးတဲ့ အပျိုတွေအတွက်
အချစ်ရေးအချစ်ရာ ဗေဒင်တစ်ခုဖြစ်ပါတယ်။

အဲဒါက ကြက်သွန်နီကို အသုံးပြုပြီး အချစ်စစ် အချစ်မှန်ကို ရှာဖွေတာပါ။ ဒီနည်းက
လွယ်ပြီး အသုံးလည်းတည့်တဲ့အပြင် လူမသိ၊ သူမသိ ကိုယ်တိုင်လျှို့ဝှက်တွက်ချက်နိ
ုင်တဲ့နည်းဖြစ်ပါတယ်။

မိန်းကလေးတွေ အနေနဲ့ မိမိကိုချစ်ရေးချစ်ရာအတွက် ကမ်းလှမ်းလာသူကို တစ်ဘ၀တာ
အရေးတွေးပြီး လက်ခံဖို့ ဆုံးဖြတ်ရာမှာ ဒီနည်းကို သုံးနိုင်ပါတယ်။ မိမိကို
ကမ်းလှမ်းလာတဲ့ အမျိုးသားတွေထဲမှာ ဘယ်သူက မိမိအပေါ် အချစ်စစ် အချစ်မှန်နဲ့
ကမ်းလှမ်းခဲ့သလဲဆိုတာ ဒီကြက်သွန်နီက အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

နည်းလမ်းက လွယ်ကူရိုးစင်းပါတယ်။ ကြက်သွန်တစ်လုံးပေါ်မှာ မိမိကို ကမ်းလှမ်းထားသူ၊
မိမိရည်ရွယ်ထားသူ အမျိုးသား တစ်ဦးချင်းရဲ့ နာမည်တွေကို ရေးထားပါ။ ပြီးရင်
အဲဒီကြက်သွန်နီတွေကို တစ်စုတစ်စည်းတည်း သန့်ပြန့်တဲ့နေရာမှာ ထားထားပါ။
ကြက်သွန်နီတွေ အညွန့်ထွက်လာတဲ့အချိန်ထိ ထားရမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး
အညွန့်ထွက်လာတဲ့ ကြက်သွန်ဟာ အချစ်စစ် အချစ်မှန်ကို ကိုယ်စားပြုပါတယ်။
ကြက်သွန်မှာ ရေးထားတဲ့နာမည်ကို ကြည့်ပြီး ဘယ်သူက အချစ်စစ်အချစ်မှန်နဲ့
ချစ်သလဲဆိုတာကို သိနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းကို အမျိုးသားတွေလည်း
အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာမှ မြို့ကျက်သရေဆောင် ထူးထူးခြားခြားရုပ်ထုများ

နိုင်ငံတကာမှ မြို့ကျက်သရေဆောင် ထူးထူးခြားခြားရုပ်ထုများ

အာကာသယာဉ်မှူးဝတ်စုံနဲ့နွား ရုပ်ထုကတော့ Sweden နိုင်ငံ Stockholm မှာရှိတာဖြစ်ပါတယ်။ လပေါ်သွားပြီး လယ်ထွန်မလို့ထင်တယ်။
အောက်မှာဆက်ကြည့်လိုက်ပါအုံး

ဒီ အမြင့် ၁၂ ပေရှိတဲ့ ရုပ်ထုဟာ Marc Quinn ဆိုတဲ့ ပန်းပုဆရာက စကျင်ကျောက်နဲ့ထုထားတာဖြစ်ပါတယ်။ Marc Quinn ဟာ အင်္ဂလန်က သူ့သူငယ်ချင်း လက်မရှိတဲ့ ပန်းချီ၊ ပန်းပု ပညာရှင် Allison Lapper ရဲ့ ကိုယ်ဝန် ရှစ်လခွဲ လွယ်ထားတဲ့ ပုံကိုထုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီရုပ်ထုနာမည်ကိုတော့ Allison Lapper Pregnant လို့ခေါ်ပါတယ်။ တည်ရှိတာကတော့ Trafalgar Square လန်ဒန်မြို့မှာရှိတာဖြစ်ပါတယ်။

ဒီရုပ်ထုက်တော့ နော်ဝေး နိုင်ငံမှာ ရှိတာဖြစ်ပါတယ် ။ အဝတ်အစာမရှိတဲ့ ခလေးငယ်လေးယောက်ဟာ လူဆိုးကို သူတို့အဝတ်အစားတွေပြန်ပေးဖို့ တိုက်ခိုက်နေတဲ့ ရုပ်ထုဖြစ်ပါတယ်။

အီဖယ်လ် မျှော်စင်နဲ့ ဒီလက်မ ရုပ်ထုကြီးကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ရောက်ဖူးသူတိုင်း သိကြမှာပါ။

ဒီ ရုပ်ထုကတော့ Washington D.C အမေရိကန်နိုင်ငံမှာတည်ရှိပါတယ်။

ဒီဖိနပ်ရုပ်ထုကတော့ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကို ဖိနပ်နဲ့ပေါက်ခဲ့တဲ့ အီရတ်လူမျိုးတွေရဲ့သူရဲကောင်းကြီး Muntadar al-Zaidi ကို ဂုဏ်ပြုတဲ့အနေနဲ့ အီရပ်နိုင်ငံမှာ ထုလုပ်ထားတာဖြစ်ပါတယ်။

ဒီမိန်းခလေးကတော့ သူ့ဘောင်းဘီကို ခိုးသွားတဲ့ သူခိုးနောက်ပြေးလိုက်နေတဲ့ရုပ်ထုဘဲဖြစ်ပါတယ်။ တရုတ်နိုင်ငံ Gulou Dajie မြို့အပြင်မှာရှိပါတယ်။

ဒီပိုက်ဆံအိပ်ရုပ်ထုကြီးကတော့ သြစတေးလျနိုင်ငံ Melbourne လမ်းပေါ်က ရုပ်ထုဖြစ်ပါတယ်။

ကြေးညို နဲ့ထုလုပ်ထားတဲ့ နွားတစ်စုံကတော့ က နေဒါနိုင်ငံ Toronto နားမှာရှိပါတယ်။

ဟော်လန်နိုင်ငံကဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ Missouri ပြည်နယ်က ၃၅ ပေ ရှည်တဲ့ ကမ္ဘာအကြီးဆုံး ခယင်း ဖြစ်ပါတယ်။

အမေရိကန် Washington D.C ကမြို့မှာ တည်ရှိပါတယ်။

အမေရိကန်နိုင်ငံ Willimantic ကဖြစ်ပါတယ်

ဂျာမဏီနိုင်ငံ Potsdam ရှိတာဖြစ်ပါတယ်။

ချက်ကိုစလိုဗက်ကီးယား Prague မြိုက ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ Los Angeles မြို့ကဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ , New Jersey က Princeton တက္ကသိုလ်မှာရှိတာဖြစ်ပါတယ်။

နယ်သာလန်နိုင်ငံ Amsterdam မှာတည်ရှိတာဖြစ်ပါတယ်။

အီတလီနိုင်ငံ Como မှာရှိတဲ့ San Giovanni ရထားဘူဒါရုံနားမှာရှိတာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံ Kharkiv မြို့ကဖြစ်ပါတယ်။ တော်တော်ချစ်ကြတယ်နော်

ဆွီဒင်နိုင်ငံကဖြစ်ပါတယ်။

ဂျာမဏီနိုင်ငံ Nuremberg မှာရှိတာဖြစ်ပါတယ်

စပိန်နိုင်ငံ Madrid မြို့မှာ တည်ရှိပါတယ်။

ရုရှားနိုင်ငံမှာရှိတာဖြစ်ပါတယ်

ဟော်လန်နိုင်ငံ Amsterdam မှာရှိတာဖြစ်ပါတယ်။

ချက်ကိုစလိုဗက်ကီးယာ Prague မှာတည်ရှိပါသည်။

အမေရိကန်နိုင်ငံ Utah ပြည်နယ်မှာ တည်ရှိပါတယ်။

အင်္ဂလန်နိုင်ငံမှာ တည်ရှိပါတယ်။

ဆွီဒင်နိုင်ငံ Stockholm မြို့မှာတည်ရှိပါတယ်။

အင်္ဂလန်နိုင်ငံ Oxford မှာတည်ရှိပါတယ်။

စလိုဗက်ကီးယားနိုင်ငံ Bratislava မှာတည်ရှိပါသည်။

နော်ဝေနိုင်ငံမှာတည်ရှိပါသည်။

တရုတ်နိုင်ငံ Shanghai မှာတည်ရှိပါတယ်။

သြစတေးလျနိုင်ငံ Melbourne မှာတည်ရှိပါသည်။

အမေရိကန်နိုင်ငံ New York မြို့မှာ တည်ရှိပါတယ်။

စင်္ကာပူနိုင်ငံ မှာတည်ရှိပါသည်။

ခွင့်လွတ်တာကို ဘယ်လိုပြသင့်လဲ..။

ခွင့်လွတ်တာကို ဘယ်လိုပြသင့်လဲ..။


လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်အဖို့ မလွယ်လှပါ.။ လျှပ်စစ်မီးသီးက မီးစာလေးကို လျှပ်စစ်နဲ့ လင်းနိုင်အောင်လို့ သူစမ်းသပ်ရာမှာ ငါးမြားတံက ငါးမြားကြိုးကိုတောင်မှ ဖြုတ်တပ်ပြီး စမ်းသပ်ခဲ့ဖူးတယ်.။ ဒီလိုမျိုးအကြိမ်ပေါင်းများစွာ စမ်းသပ်ရာက ပထမဆုံး သူရဲ့ မီးလုံးလေးဟာ လင်းလာခဲ့တယ်.။ ဒီလို စမ်းသပ်အောင်မြင်တော့ သူတင်မကဘူး.။ သူနဲ့ အတူတူ သုတေသန လုပ်နေတဲ့သူ့ရဲ့လက်ထောက်လည်း အောင်မြင်ပျော်ရွှင်မှုကို ရင်ခုန်စွာနဲ့ ခံစားခဲ့ရတယ်.။
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့
မီးသီးကို တခြားစမ်းသပ်ခန်းသို့ သူ့ရဲ့ တပည့်လက်ထောက်ကို ဂရုတစိုက်ယူလာခိုင်းလိုက်တယ်.။ နောက်ထပ် စမ်းသပ်ခန်းသို့ အသွားမှာ လှေခါးလေးတစ်ခုကို တတ်ရတယ်.။ တပည့်က သေချာဂရုစိုက်စွာ တစ်လှမ်းချင်း လှေခါးပေါ်တက်တယ် ။ လက်ထဲက မီးသီးလေးကို ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ် ရောက်ခါနီးမှာ လှေခါးကနေ ခြေချော်ပြီး မီးသီးကျကွဲသွားတယ်…။
အချိန်ပေါင်းများစွာ အကုန်ခံပြီး ပင်ပန်းစွာ တီထင်ခဲ့တဲ့ မီးလုံးလေး ကျကွဲသွားပေမဲ့ အက်ဒီဆင် က သူ့လက်ထောက်ကို အပစ်မတင်ခဲ့ဘူး။ “ ဒီထက်ကောင်းတဲ့ မီးလုံး ထပ်လုပ်ဖို့ အခွင့်အရေးရတာပေါ့ကွာ..။ ” လို့ပဲ ပြောခဲ့တယ်.။ သူ့လက်ထောက်ကတော့ ဒီမီးလုံးလေး ကျကွဲသွားတာကို ခံစားနေရပြီး မအိပ်နိုင် ၊ မစားနိုင် ဖြစ်နေခဲ့တယ်။ ။ သူ့ဆရာ အက်ဒီဆင် ဆူပု အပြစ်တင်ပြီး စိတ်ကွက်မှာ ကြောက်နေခဲ့တယ်။ ဒါပေမဲ့ ..အက်ဒီဆင်က အပြစ်မတင်ခဲ့..။
နောက်ရက်အနည်းငယ်အကြာမှာ နောက်ထပ် မီးလုံးလေးတစ်လုံးကို ထပ်တီထွင်ပြီး..၊ ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။ ဒီတစ်ခါတော့ တပည့်က ချောမောစွာသယ်ဆောင်နိုင်ခဲ့တယ်။ ဒါကိုကြည့်နေတဲ့ အက်ဒီဆင် သူငယ်ချင်းတစ်ယောက်က အက်ဒီဆင်ကို တိုးတိုးကပ်ပြောတယ်.။

“ ခွင့်လွတ်ရင်ရပြီလေ..။ ဘာဖြစ်လို့ နောက်တစ်ခါထပ်သယ်ခိုင်းတာလဲ .။ ထပ်ပြီး ကျကွဲသွားရင် ဘယ်လိုလုပ်မလဲ ..။ ”

လို့ မေးတယ်။ ဒီတော့ အက်ဒီဆင်က သူ့ သူငယ်ချင်းကို စေ့စေ့ကြည့်ရင်း ပြုံးပြီးပြောတယ်.။

“ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး။ နောက်တစ်ကြိမ် ထပ်လုပ်ဖို့ အခွင့်အရေးပေးရတာ..။”