(5)ဂဏန်းသမားများ အကြောင်း တစေ့တစောင်း
ယခုတပါတ်တနင်္ဂနွေသည့် ကျွန်ုပ်တို့၏ တနင်္ဂနွေ စကားဝိုင်း အလှည့်ကျလာသော နေ့ဖြစ်သောကြောင့် ယနေ့တွင် (5)ဂဏန်းသမားများအကြောင်း ဆွေးနွေးကြရန် ကျွန်ုပ်နှင့် ကိုသိန်းဖေ တို့ စကားဆိုခဲ့ကြပြီး ဖြစ်သည့်အတိုင်း ကျွန်ုပ်တို့၏ စကားဝိုင်းကို အစပြုလိုက်ရပေတော့သည်။
ကျွန်ုပ်။ ။ ကဲ- ကိုသိန်းဖေရေ။ ဒီနေ့တော့ (5)ဂဏန်းသမားတွေအကြောင်း ဆွေးနွေးကြမယ်မဟုတ်လားဗျာ။
ကိုသိန်းဖေ။ ။ ဟုတ်ပါ့ဗျား။ (5)ဂဏန်းနဲ့ပတ်သတ်ပြီး ဆရာ့အမြင်၊ အတွေ့အကြုံလေးတွေကို ပြောပြပါဦးဗျာ။
ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ (5)ဂဏန်းဟာ သင်္ချာဗေဒပညာမှာ ဗုဒ္ဓဟူးဂြိုဟ်စိုးမိုးတဲ့ဂဏန်း
ပြဒါးဆိုတဲ့ ဓာတ်ဟာ သေအောင်လုပ်ဖို့ အင်မတန်ခက်ခဲလွန်းလို့ ပြဒါးကို သေအောင် ထိုးနိုင်ရင် “ရွှေဖြစ်ချင်သလားရွှေ၊ ငွေဖြစ်ချင်သလား ငွေ” ဆိုတာမျိုးလို ဖြစ်နိုင်တယ်လို့ အဂ္ဂိရတ်သမားတွေယုံကြည်ကြတယ်။ ယုံကြည်သလိုလည်း လုပ်နေကြပေမယ့် အောင်မြင်တယ်လို့တော့ မကြားဘူးသေးပါဘူး။ ပေါက္ကံရာမလို့ ခေါ်တဲ့ ပုဂံပြည်ကြီး ကောင်းစားစဉ်က “ရှင်အဇ္ဇဂေါဏ” လို့ခေါ်တဲ့ ရှင်မထီးကြီးဟာ ပြဒါးကို သေအောင်ထိုးနိုင်လို့ ပေါက္ကံပြည်ကြီး ရွှေမိုးငွေမိုး ရွာခဲ့တယ်ဆိုတာလည်း ကြားဖူးမှာပေါ့။
ကိုသိန်းဖေ။ ။ အဲဒီတော့ (5)ဂဏန်းသမားတွေနဲ့ ပြဒါးရဲ့ဂုဏ်သတ္တိတို့ကြားမှာ ဆက်စပ်မှုနိုင်ရဲ့လားဆရာ။
ကျွန်ုပ်။ ။ ရှိတယ်လို့ ဆိုရမယ်ဗျ။ ပြဒါးဟာ အင်မတန်ဆုပ်ကိုင်ဖမ်းယူဖို့ ခက်တယ်။ အလွယ်တကူ ပြန့်ကြဲသွားနိုင်သလို၊ အလွယ်တစ်ကူ ပြန်လည် စုစည်းသွားနိုင်တယ်။ မင်းသားကြီးအားနိုးလ် သရုပ်ဆောင်ခဲ့တဲ့ Terminator (2) လား (3) လားမှာ ပါတဲ့ ပြဒါးလူသားလိုပေါ့ဗျား။ စက်ရုပ်ခြင်းတောင်မှ ခက်ခက်ခဲခဲ ပြန်တိုက်ခိုက်ယူရလောက်အောင် စွမ်းအားသတ္တိကြီးလှတယ်လေ။ ဒါပေမယ့် သူက အပူကို သိပ်ကြောက်တယ်။ ပြဒါးကို မီးသာပြလိုက်။ ရွှတ်ကနဲ ပျောက်ထွက်သွားတာဘဲဗျ။ မီးအပူကို သိပ်ကြောက်တယ်။ ဒီလိုဘဲ (5)ဂဏန်းသမားတွေဟာ လွတ်လပ်မှုကို သိပ်ကြိုက်တယ်။ အချုပ်ချယ်ခံဘဝ၊ သူများလက်အောက်ခံဘဝမှာ နေလိုသူတွေမဟုတ်ဘူး။ မီးအပူကို ကြောက်တဲ့သဘောက ဇွဲသတ္တိဝီရိယ နည်းတဲ့သဘောကို ပြတယ်ဗျ။ (5)ဂဏန်းသမားအတော်များများဟာ ဆင်းရဲပင်ပန်းခံပြီး ရေရှည်လုပ်ရမယ့် အလုပ်မျိုးဆိုရင် မီးနဲ့တွေ့သလို ပြေးတော့တာဘဲဗျို့။ (5)ဂဏန်းသမားတွေဟာ (2)ဂဏန်းသမား တွေလိုဘဲ ဇွဲသတ္တိသိပ်မကောင်းလှဘူးဗျ။ ရှေရှည်စွဲစွဲမြဲမြဲလုပ်ရမယ့် လုပ်ငန်းတွေထက် တစ်ပွဲတိုး ဖြတ်လမ်းနည်းတွေနဲ့ ကြီးပွားလိုချင်တတ်ကြတယ်။ ဝီရိယထက် ဉာဏ်ကို ပိုမိုအားကိုး လိုသူတွေဖြစ်တယ်။ ဉာဏ်ကလည်း အလွန်ကောင်းတတ်ကြတယ်ဗျို့။ (5)ဂဏန်းသမားတွေဟာ တင်္ခနုပ္ပတိလို့ခေါ်တဲ့ ဖြတ်ထိုးဉာဏ်အလွန်ကောင်းတယ်။ အာဝဇ္ဇန်းကောင်းတယ်။ လူမှု ဆက်ဆံရေးအလွန်ပြေပြစ်တယ်။ ဘယ်လိုလူမျိုးနဲ့မဆိုတည့်အောင်ေ
ကိုသိန်းဖေ။ ။ဗုဒ္ဓဟူးဂြိုဟ်ဟာ အသိဉာဏ်နဲ့ ဦးနှောက်ကို စိုးမိုးတာကြောင့် ဉာဏ်ကောင်းကြတာများလား။ နောက်တစ်ခုက ကြာသပတေးဂြိုဟ်ကလည်း ဉာဏ်ပညာကို စိုးမိုးတယ်လို့ ကျွန်တော်ကြားဘူးတယ်ဆရာ။
ကျွန်ုပ်။ ။ ဟုတ်တယ်။ (၂)ခုစလုံးကတော့ အသိဉာဏ်ပညာနဲ့ အတွေးအခေါ်ကို စိုးမိုးကြတာမှန်ပေမယ့် စိုးမိုးပုံခြင်း မတူကြဘူး။ ကြာသပတေးဂြိုဟ်က ခက်ခဲနက်နဲတဲ့ ဘာသာရေး၊ ဗေဒင်ပညာ၊ အဘိဓမ္မာ၊ ဖီလော်ဆိုဖီ သဘောတရားတွေကို ပိုမိုအစိုးရပြီး၊ ဗုဒ္ဓဟူးဂြိုဟ်က တင်္ခနုပ္ပတိဉာဏ်နဲ့ လူမှုဆက်ဆံရေးပညာရပ်၊ အနုပညာပညာရပ်၊ သိပ္ပံပညာရပ် နဲ့ စီးပွားရေးပညာတွေဘက်မှာ ပိုမိုအစိုးရတာကို တွေ့ရတယ်။ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အယ်လ်ဘတ်အိုင်စတိုင်း ဟာဆိုရင် မတ်လ (14)ရက်နေ့မှာမွေးတဲ့ (5)ဂဏန်းသမားဖြစ်ပြီး မတ်လ(14)ရက်နေ့ဟာ ကြာသပတေးဂြိုဟ်ပိုင်တဲ့ မိန်ရာသီထဲမှာ ကျရောက်နေလို့ သူ့ကျတော့ ဗုဒ္ဓဟူးဂြိုဟ်ရော၊ ကြာသပတေးဂြိုဟ်ပါ စိုးမိုးခံရသူဖြစ်တယ်။ ဒါကြောင့် သူဟာ သိပ္ပံပညာသာမက၊ အဘိဓမ္မာဆန်တဲ့ အတွေးအခေါ်တွေကိုပါ ပိုင်ဆိုင်သူတစ်ဦးဖြစ်သွားပါ
ကိုသိန်းဖေ။ ။ ဆရာတို့ ဗေဒင်ပညာမှာလည်း ဗုဒ္ဓဟူးဂြိုဟ် နဲ့ ကြာသတေးဂြိုဟ် အားကောင်းမှ ဗေဒင်ပညာကို တတ်မြောက်နိုင်တယ်လို့ ကျွန်တော်ကြားဘူးတာ ဟုတ်လားဆရာ။
ကျွန်ုပ်။ ။ ဒါလည်း ဟုတ်တာဘဲဗျ။ ဗေဒင်ပညာရှင်တစ်ယောက်ဖြစ်ဖို့ ဗုဒ္ဓဟူး နဲ့ ကြာသပတေး အားကောင်းဖို့လိုတယ်။ ဒါက ဂဏန်းဗေဒင်အရတော့ မဟုတ်ဘူး။ နက္ခတ်ပညာအရပါ။ နက္ခတ်ဗေဒင် ဇာတာခွင်တစ်ခုမှာ ဗုဒ္ဓဟူးဂြိုဟ်နဲ့ ကြာသတေးဂြိုဟ်ဟာ အားကောင်းရုံမက သမန္ဓ လို့ခေါ်တဲ့ ဆက်သွယ်မှုလည်း ကောင်းဖို့လိုတယ်။ သင်္ချာဗေဒအရတော့ (2)ဂဏန်းသမား၊ (5)ဂဏန်းသမား၊ (7)ဂဏန်းသမား (8)ဂဏန်းသမား နဲ့ (9)ဂဏန်းသမားတွေဟာ ဗေဒင်ပညာရပ်တွေကို လိုက်စားလို့ရပြီး တတ်မြောက်နိုင်ပါတယ်။
ကိုသိန်းဖေ။ ။(5)ဂဏန်းသမားတွေရဲ့ ထူးခြားချက်တွေကို ပြောပြပါဦးဆရာ။
ကျွန်ုပ်။ ။ (5)ဂဏန်းဟာ လူသားအင်မတန်ဆန်တဲ့ဂဏန်းဖြစ်ပြီ
ကိုသိန်းဖေ။ ။အဲဒါ ဘာကိုဆိုလိုတာလည်းဆရာ။
ကျွန်ုပ်။ ။ အဲဒါက မျှတညီညွတ်အောင် ပေါင်းစပ်ပေးနိုင်ခြင်း၊ ပေါင်းကူးဆက်ဆံပေးနိုင်ခြင်း၊ စေ့စပ်ညှိနှိုင်းပေးနိုင်ခြင်း အဓိပ္ပါယ်တွေကို ဆောင်တယ်။ ဒါကြောင့် (5)ဂဏန်းသမားနဲ့ မတည့်တဲ့ ဂဏန်းမရှိသလောက်ဘဲ။ စိတ်ထဲက ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အားလုံးနဲ့ သင့်တင်အောင် ပေါင်းနိုင်ကြတယ်။ သူဟာ ဆက်သွယ်ရေးပေါင်းကူးဂြိုဟ်ဖြစ်ေ
ကိုသိန်းဖေ။ ။ (5)ဂဏန်းသမားတွေရဲ့ ယေဘူယျ သရုပ်သကန်တွေကို အတိုချုံးပြီးပြောပြပါဦးဆရာ။
ကျွန်ုပ်။ ။ ပြောခဲ့သလိုဘဲ။ ငါးဂဏန်းသမားတွေဟာ ဉာဏ်ကောင်းပြီး၊ ဝီရိယနည်းသူတွေဖြစ်တယ်။ လောကဓံတရားကို ခံနိုင်ရည်ရှိတယ်။ ရေရှည်ဇွဲသတ္တိနည်းတယ်။ လူမှုဆက်ဆံရေး အလွန်ကောင်းတတ်တယ်။ ကိုယ်မနှစ်သက်ရင်တောင် အလွန်အတိုက်အခံပြုခဲတယ်။ ရန်ကို ရှောင်ရှားတတ်တယ်။ နှုတ်သွက်တယ်။ စကားပြောကောင်းတယ်။ အာဝဇ္ဇန်းကောင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ်နည်းတယ်။ အမိန့်သြဇာပေးလိုမှု နည်းတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ဒါကြောင့် (5)ဂဏန်းသမား အာဏာရှင်ဖြစ်တာ မရှိသလောက် ရှားပါတယ်။ (5)ဂဏန်းသမားတွေထဲမှာ ဘုရင်တွေ၊ ဘုရင်မတွေ ရှိပေမယ့် သူတို့ဟာ မျိုးရိုးအစဉ်အဆက်အရဖြစ်ကြသူတွေ
နောက်ပြီး သူတို့ဟာ အသုံးအစွဲကြီးပြီး လက်ဖွာသူများဖြစ်တယ်။ သူများကိုလည်း အလွယ်တကူ စွန့်ကြဲပေးကမ်းတတ်ကြတယ်။ အကောင်းစား ဇိမ်ခံပစ္စည်းတွေကို ခုံမင်နှစ်သက်တတ် တယ်။ သူတို့ဟာ မရှိလည်းပျော်ပျော်၊ ရှိလည်း ပျော်ပျော် နေတတ်သူတွေဖြစ်တယ်။ စည်းကမ်းသေဝတ်မှုနည်းတယ်။ တစ်ချို့ဆိုရင် ဗရမ်းဗတာ နေတတ်ထိုင်တတ်တာမျိုးတွေလည်း တွေ့ရတယ်။ ဉာဏ်ကောင်း၊ ဖြတ်ထိုးဉာဏ်ကောင်းပေမယ့် စီမံခန့်ခွဲမှုမှာတော့ အားနည်းညံ့ဖျင်းတတ်သူတွေဖြစ်တယ်
(5)ဂဏန်းသမားတွေဟာ လူမှုဆက်ဆံရေးလည်းကောင်း၊ အပေါင်းအသင်းလည်းများ၊ စကားပြောလည်း ကောင်းတတ်သူတွေဖြစ်လို့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆန့်ကျင်ဘက်လိင် တွေရဲ့ သဘောကျမှုကို ခံရတတ်သူတွေဖြစ်တယ်။ ဒါကြောင့် အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စတွေရှုတ်ထွေးတတ်
ယေဘူယျပြောရရင်တော့ (5)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးကံကောင်းတတ်ကြတယ်။ အထူးသဖြင့် မိန်းကလေး (5)ဂဏန်းသမားတွေဟာ အိမ်ထောင်ရေးကံကောင်း တတ်တယ်။ သူတို့အိမ်ထောင်ဘက်ဟာ လူအေး၊ လူဖြောင့်၊ တွေဖြစ်တာများတယ်။ အထူးသဖြင့် (23)ရက်ဖွားမိန်းကလေးတွေဟာ အိမ်ထောင်ရေးကံ ကောင်းတတ်ကြတယ်။ ကိုယ့်ထက် အဆင့်မြင့်တဲ့ အိမ်ထောင်ဘက်ကို ရတတ်တယ် (ဒါမှမဟုတ်)ကိုယ်နဲ့ အိမ်ထောင်ကျပြီး ကြီးပွားချမ်းသာလာတတ်တယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ထောင်ဘက်တွေဟာ အေးစက်စက်နိုင် ကြသူများဖြစ်လို့ ဒီအပေါ်မှာ ကျေနပ်မှု မရနိုင်ကြတာမျိုးတွေလည်း ရှိတတ်တယ်။
(5)ဂဏန်းသမားတွေဟာ စိတ်မှတ်ကြီးသူတွေမဟုတ်ဘဲ ခွင့်လွှတ်လွယ်တယ်သူများဖြစ်တယ်။ ဘယ်လောက် စော်ကားခံရခံရ ခဏလောက်ဘဲ ဒေါသဖြစ်၊ ပေါက်ကွဲတတ်ကြပြီး လွယ်လွယ် နဲ့ ပြီးပျောက်သွားကြသူများဖြစ်တတ်ြ
ကိုသိန်းဖေ။ ။ (5)ဂဏန်းတစ်ခုခြင်းစီရဲ့ သီးခြားဂုဏ်အင်တွေကိုလည်း ပြောပြပါဦးဆရာ။
ကျွန်ုပ်။ ။ (5)ဂဏန်းသမားတွေထဲမှာ (5) ထီးတည်းသမားတွေဟာ အားလုံးနဲ့ ပိုမိုအဆင်ပြေပြီး၊ လွတ်လပ်မှုကို ပိုမိုမြတ်နိုးတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ရက်ရောသဘောကောင်းမှုများတယ်။ စွန့်ကြဲပေးကမ်း လွယ်တယ်။ ပျော်ပျော်နေသေခဲဝါဒကို ကျင့်သုံးတတ်သူများဖြစ်တယ်။ အထက်တန်းကျကျ နေလိုတတ်ကြတယ်။ အပျော်ကြူးတတ်မှုတွေ ရှိနိုင်တာကိုတော့ သတိပြုသင့်တယ်။
(14)ဂဏန်းသမားတွေကျတော့ ထက်မြက်မှုရှိပြီး၊ အုပ်ချုပ်သူသြဇာအာဏာရှိသူများနဲ
(23)ဂဏန်းသမားတွေကျတော့ ဂဏန်းအားလုံးထဲမှာ ဘုရင်ဆိုလောက်တဲ့ဂဏန်းဖြစ်တယ်။ (23)ရက်ဖွားဟူသမျှကောင်းစားကြတာ
ကိုသိန်းဖေရေ – နောက်ဆုံးခြုံပြောရရင် (5)ဂဏန်းသမားတွေဟာ ပြဒါးကို သေအောင်သတ်ဖို့ မလွယ်သလို၊ သူတို့ကို ပြုပြင်ပြောင်းလဲဖို့လွယ်သူတွေ မဟုတ်ဘူးဗျ။ (5)ဂဏန်းသမား လူဆိုးဖြစ်မိရင် ဆုံးမပဲ့ပြင်ဖို့ကြိုးစားမနေနဲ့
ကိုသိန်းဖေ။ ။ သိချင်တာတွေ အတော်ပြည့်စုံသွားပါပြီဆရာ။ ထင်ပေါ်ကျော်ကြားတဲ့ (5)ဂဏန်းသမားတွေကိုလည်း ပြောပြပါဦးဆရာ။
ကွန်ုပ်။ ။ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီးနဲ့ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟလာနေရူး က (23)ရက်ဖွား၊ နပိုလီယံအလွန်ချစ်မြတ်နိုးတဲ့ မိဘုရားကြီး ဂျိုဆက်ဖင်က (23)ရက်ဖွား၊ လေရူးသုန်သုန် ဇာတ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ ဟောလီးဝုဒ်မင်းသမီးချော ဗီဗီယံလေးက (5)ရက်ဖွား၊ မင်းသားကြီး ဂရေဂိုရီပတ်က (5)ရက်ဖွား၊ ဂျော့ဘုရင် နံပါတ်(6)က (14)ရက်ဖွား၊ ချက်နိုင်ငံရဲ့ ပထမဆုံးသမ္မတ စာပေနဲ့ကဗျာပညာရှင် ဗားကလက်ဟေဗယ်က (5)ရက်ဖွား၊ ဂျော်ဒန်ဘုရင်ဟူစိန်က (14)ရက်ဖွား၊ ဂျိမ်းစ်ဘွန်းမင်းသား ရော်ဂျာမိုးက (14)ရက်ဖွား၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးေ
ကဲ- ကိုသိန်းဖေရေ။ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်းလေး ဒီမှာဘဲ အဆုံးသတ်လိုက်ကြရအောင်။ နောက်တစ်ပတ်ကျရင် (6)ဂဏန်းသမားများအကြောင်းပေါ့ဗျ
ကိုသိန်းဖေ။ ။ ကောင်းပါပြီဆရာ။ အခုကို သိခွင့်ရတာကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်လည်း ပြန်လိုက်ပါဦးမယ်။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)
No comments:
Post a Comment