`လ´ သီချင်း...
ဟိုစဉ်အခါက ရှမ်းဘုန်းကြီးတစ်ပါး
ကျေးတောရွာတစ်ရွာသို့ ကြွလာတဲ့အခါ
ဒီရွာနေလူတွေ စကားပြောကြပုံကို
သုံးနှုန်းကြပုံကို အသေအချာလေ့လာ
ဒီမှာဒကာကြီး ချောင်းရိုးရဲ့ဟိုဘက်
ကမ်းစပ်ကသောင်ပြင် ဘယ့်နှယ်ခေါ်သလဲ ဒကာ
မှန်ပါဘုရား ချောင်းရိုးရဲ့ဟိုဘက်
ကမ်းစပ်ကသောင်ပြင် လတာပြင်ခေါ်ပါ့ ဘုရား
ဒီမှာ ဒကာ ချောင်းရိုးဟိုဘက်ကမ်းမှာ
အပင်တွေ တိုများများ ပေါက်နေ
မှန်ပါ့ဘုရား အဲဒါ လမုတောပါ
တကယ်ပဲ အများကြီးပေါက်လို့နေ
ထိုစဉ်အခါ ချောင်းရိုးမှာ ခွေးသေကောင် မျောလို့ပါ...
ခွေးသေကောင်ပေါ်က အသားစားတဲ့ငှက်ကြီး
ဘယ့်နှယ်ခေါ်သလဲ ဒကာ
မှန်ပါ့ဘုရား ခွေးသေကောင်ပေါ်က
အသားစားတဲ့ငှက်ကြီး လဒ ကြီးပါ
ထိုစဉ်အခါ ဘုန်းဘုန်း ဒီလိုတွေးလာ...
ဒီရွာနေလူတွေ စကားပြောကြရင်...
`လ´ ဆိုတဲ့ အက္ခရာရှေ့ထားကာ တကယ်ပဲ သုံးနှုန်းတတ်ကြတယ်
တစ်ကြောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း
`လ´ ကိုရှေ့မှာထား ပြောကြတဲ့စကား
လမုတော၊ လတာပြင်၊ လဒဆိုတော့
ကာလံဒေသံ အလိုက်အထိုက်ပေါ့
လမြို့ လနယ် လနီး လဝေး...
လအော့ လအယ် လနိမ့် လမြင့်
လကြီး လငယ် လဆင်း လတက်
လနီ လ၀ါ လဖြူ လမဲ...
ထိုစဉ်မှာ ဘုန်းဘုန်း ဒီလိုတွေးလာ...
ဒီရွာနေလူတွေ စကားပြောကြရင်…
`လ´ ဆိုတဲ့ အက္ခရာရှေ့ထားကာ တကယ်ပဲ သုံးနှုန်းတတ်ကြတယ်
ထိုစဉ်အခါ ဘုန်းဘုန်းမှာ ဆွမ်းစားချိန်နီးလို့လာ...
ဆွမ်းစားချိန်တန်တော့ ဘုန်းဘုန်းရဲ့စကား နားထောင်ကြည့်ပါ...
(ဒီမှာ လဒကာ လမွန်းတည့်တော့မယ် လကွာ
လဆွမ်းကပ်တော့ လကွာ လဒကာကြီးရာ... )
ဒီမှာ လဒကာ လမွန်းတည့်တော့မယ် လကွာ
လဆွမ်းကပ်တော့လေ လကွာ လဒကာကြီးရာ
download
Subscribe to:
Post Comments (Atom)
No comments:
Post a Comment