စိတ်ဖိစီးမှု ဖြေဖျောက်ဖို့
ခုတလော စိတ်ဖိစီးမှုတွေ များနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။
အလုပ်ကြောင့်တော့ မဟုတ်ပါဘူး။ နယ်ကို ရောက်နေတာ ဖြစ်လို့
ကိုးနတ်ရှင်ကိုပဲ ပါးပါးလေး အပြစ်မြင်မိတယ်။ ပိုက်ပိုက်ပေးပေမယ့်
ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာ သိရတော့ ပိုလို့ စိတ်ညစ်ရတယ်။
ကျွန်တော်နည်းတူ အကြောင်းကြောင်း ကြောင့် စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတယ်
ဆိုရင် စိတ်ဖိစီးမှု ၊ စိတ်ပင်ပန်းမှု ၊ စိတ်အလိုမကျမှု တွေကို သက်သာအောင်
နဲ့ ဘယ်လို ဖြေဖျောက်ရမယ် ဆိုတာလေး မျှဝေ ပေးချင်ပါတယ် .. ..
ခဏတဖြုတ်နားပါ
* စိတ်မပါတဲ့ အလုပ်ကို ဆက်တိုက် လုပ်နေရသည် ဖြစ်စေ၊ စိတ်သွားတိုင်း
ကိုယ်မပါဘဲ လုပ်နေရသည် ဖြစ်စေ စိတ်ပန်းလူပန်း ဖြစ်နေမှာ သေချာပါတယ်။
ဒါကြောင့် လုပ်လက်စ အလုပ်ကို ၅ မိနစ် ဖြစ်စေ၊ ၁၀ မိနစ်ဖြစ်စေ နားလိုက်ပါ။
လမ်းထလျှောက်ပါ၊ ရေထသောက်ပါ။ ဒါတွေက စိတ်ဖိစီးမှုတွေကို ရှင်းလင်းစေပြီး
ဖိအားတွေကို လျော့စေပါတယ်။
အားကစားလုပ်ပါ
* အလုပ်တွေပြီးရင် ချက်ချင်း အိပ်ယာထဲ ထိုးမအိပ် သင့်ပါဘူး။ အားကစား
စင်တာ တစ်ခုခုကိုသွားပြီး စိတ်ပါလက်ပါ ကစားလိုက်ပါ။ (ကာရာအိုကေ ကို
စိတ်လွတ်ကိုယ်လွတ် ဆိုလိုက် ရင်လည်း အားကစား လုပ်သလိုပါပဲ )
ဒီလိုလုပ်ခြင်းဖြ့င် စိတ်ဖိစီးမှုကို အထိုက်အလျှောက် မေ့လျော့ စေပါတယ်။
အလုပ်ချိန်ကို ခွဲခြားပါ
* မနက်စောစော လန်းဆန်း တက်ကြွနေချိန်မှာ ခက်ခဲပြီး ဥာဏ်သုံးရတဲ့ အလုပ်တွေ
လုပ်ပါ။ ပင်ပန်းနေတဲ့ ညနေပိုင်း အချိန်တွေမှာ ပေါ့ပေါ့ပါးပါး အလုပ်တွေကို
ရွေးချယ်လုပ်ပါ။
သီချင်းနားထောင်ပါ
* အလုပ်နားချိန်မှာ မိမိကြိုက်နှစ်သက်ရာ သီချင်းတစ်မျိုးမျိုးကို
နားထောင်ပြီး အပန်းဖြေပါ။
အလုပ်ချိန်ကို ပြောင်းကြည့်ပါ
* ကိုယ်ပိုင်အလုပ်ဖြစ်ရင် တစ်ခါတလေ မနက်အစောကြီး အလုပ်ထသွားကြည့်ပါ။
တစ်ခါတလေ မိုးချုပ်သည်အထိ အချိန်ပို လုပ်ကြည့်ပါ။ အလုပ်ချိန် အပြောင်းအလဲ
လေးတွေကလည်း ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ကို လန်းဆန်းစေပါတယ်။
Tuesday, December 1, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment