မျက်မြင်တွေ့က မယုံကြည်လို့မရ။
သူ့လခကိုစားလျှင် သူ့ညွှန်ကြားမှုကို နာခံရမည်။
လွတ်လပ်စွာ လုပ်ကိုင်လျှင် ကိုယ့်ဆန္ဒကိုဖော်ထုတ်ခွင့်ရှိ
အတွေးအခေါ်ရှိပြီး နည်းနာမသိလျှင် အချည်းနှီးတည်း။
နည်းနာသိပြီး အတွေးခေါ်မရှိလျှင် အရာမရောက်။
အပေါ်ယံအကြောင်းပြချက်ကို ယုံစားလျှင် အလိမ်ခံရမည်။
စကား၏ကြံရွယ်ချက်ကို သိရှိလျှင် အလိမ်မခံရနိုင်။
ထိုးနှက်တိုက်ခိုက်မှု မခံနိုင်လျှင် ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာနိုင်။
ထုသားပေသားကျ မလေ့လာလျှင် ထူးထူးချွန်ချွန် ဖြစ်မလာနိုင်။
လွတ်လပ်စွာ တွေးဆနိုင်စွမ်းသည် လုပ်ငန်းတည်ထောင်မှု အုတ်မြစ်တည်း။
လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်းသည် စည်းစိမ်ခံစားရမည့် အစတည်း။
မလုပ်ခင် ဆင်ခြင်တွေးဆပါ။လုပ်ပြီးမှနောင်
မအောင်မြင်လျှင် မပြောနှင့် နည်းမသိလျှင် မရှင်းနှင့်။
မလုပ်တတ်လျှင် မသုံးနှင့်။လူမသိလျှင်မယုံနှင်
လူနှင့်ရင်းနှီမှ လူ့အကြောင်း
လူ့အကြောင်းသိမှ လူကိုပိုပြီးသုံးတတ်မည်။
လူကိုသုံးတတ်မှ လူများကိုပိုပြီး အကျိုးပြုနိုင်မည်။
ကျင့်ဝတ်သိက္ခာရှိသူများသာလျှင် ကျင့်ဝတ်သိက္ခာကိုအလေးထား၏။
ပညာတတ်သူများသာလျှင် ပညာကိုအလေးထား၏။
မိုက်မဲသူအရေးကြုံလျှင် ရန်ပြုတတ်။
ညံ့ဖျင်းသူအရေးကြုံလျှင်ညည်းတွာ
ပညာသင်ယူခြင်းသည် အပိုအလုပ်ဟုယူဆလျှင် အတွေးအခေါ်လမ်းဆုံးပြီ။
အလုပ်လုပ်ခြင်းသည် မျှော်လင့်ချက်မရှိဟုယူဆလျှင် အနာဂတ်ရေးလမ်းဆုံးပြီ။
ဥာဏ်ကြီးသူလုပ်သည့်အလုပ် မမှန်ကန်သည်မရှိနိုင်။
ကြင်နာသူလုပ်သည့်အလုပ် သိက္ခာမဲ့သည်မ၇ှိနိုင်။
သတ္တိရှငိလုပ်သည့်အလုပ် မပြတ်သားမှုမ၇ှိနိုင်။
အကျိုးစီးပွားငယ်ကိုမက်တော့ကိ
အတင်းအဖျင်းနားထောင်လျှင် အရှပ်အရှင်းရှင်းရ။
ဥာဏ်မဲ့သူ သူတစ်ပါးကိုအပြစ်ဆို၏။
ကြင်နာမဲ့သူ သူတစ်ပါးကိုမုန်း၏။
သတ္တိမရှိသူသူတစ်ပါးကို ကြောက်၏။
လူကောင်းကကောင်းတာကိုမြင် ကောင်းတာကိုသင်ယူ၏။
လူဆိုးကဆိုးတာကိုမြင် ဆိုးတာကိုသင်ယူ၏။
လူယုတ်မာက ပညာရှင်ကိုစိုးရွံ့၏။
ညံ့ဖျင်းသူကပညာရှင်ကို ၀န်တို၏။
သူတော်စင်က ပညာရှင်ကို မြတ်နိုး၏။
စွမ်းရည်ရှိသူက ပညာရှင်ကိုသုံး၏။
မသိလိုက်ပဲ အလိမ်ခံလိုက်ရသူသည် လူညံ့။
သိလျက်တမင် အလိမ်ခံလိုက်ရသူသည် ကြင်နာသူ။
တစ်ကိုယ်ကောင်းမဆန်သော အလုပ်သည် ထာဝရ တည်၏။
တစ်ကိုယ်ကောင်းမဆန်သော စကားကို ချီးကျုးသင့်လှ၏။
နာကြည်းဖွယ်သင်ခန်းစာမျိုးမရဘဲ ဆိုးသွန်းလူငယ် လမ်းမှန်
ပြန်ရောက်ခဲ၏။
တကယ်အတွေ့အကြုံ မ၇ှိဘဲနှင့်ကျေနပ်ဖွယ်ရာအောင်ြ
ရခဲ၏။
မမြင်ကွယ်ရာမှာသိက္ခာကို သိနိုင်၏။
လူမြင်ကွင်းမှာစွမ်းဆောင်မှုကို
လူယုတ်မာသည် မကောင်းမှုမှန်သမျှ လုပ်၏။
သူတော်ကောင်းသည် မကောင်းမှုမှန်သမျှရှောင်၏။
အမေးခံရမည်ကိုကြောက်သည့်ကျောင်း
မပြည့်ဝသောကြောင့်။
စာမေးပွဲဖြေရမည်ကို ကြောက်သည့်ကျောင်းသားသည် ကြိုးစားမှု
မလုံလောက်သောကြောင့်။
သူတော်ကောင်း၏ စကားနှင့် အပြုအမူများကို လူယုတ်မာကသိဖို့
အလေးမထား။
လူယုတ်မာ၏ အတုအယောင် လုပ်ဆောင်မှုများကို သူတော်ကောင်း
သိအောင်တမင်လုပ်သည်။
သူများမလုပ်နိုင်သည့် အလုပ်ကိုလုပ်မှ အရည်အချင်းမည်၏။
သူများမပြောဝံ့သည့် စကားကိုပြောမှ ရဲစွမ်းသတ္တိမည်၏။
သူများမယူဝံ့သည့် တာဝန်ကိုယူမှ အားမာန်သတ္တိမည်၏။
ဥာဏ်ပညာရှိသူသည် သူတစ်ပါး၏ အနှိမ်မခံရ။
ကရုဏာရှိသူသည် သူတစ်ပါးထံ အသနားမခံ။
သတ္တိရှိသူသည် သူတစ်ပါး၏ အခြိမ်းခြောက်မခံရ။
No comments:
Post a Comment